WELCOME TO YAUNG NI OO BLOG & THANK FOR VISIT US
Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Saturday, April 19, 2014

Poem of Mother

အမေ့ကဗျာ


ဘသမှာ... ဘယ်သူ ဝါကျေ နောက်လိုက်ပြီး
ဘယ်သူ ပုဓ်ချရမှာလဲ ...အမေ။
အမေမသိဘူး....
ကျွန်တော့်ခြေထောက်တွေ လေးလျော့နေခဲ့တာ
မြစ်ထဲမှရေရှိ မရှိ၊ ကန္တရထဲမှာ ပန်းပွင့် မပွင့်
ဒီလမ်းကလေးထဲ ဘာကိုစိုက်ပျိုးရမှာလဲ အမေ...။
အမေ့ယာထဲ ထွန်ရေးယူတယ်
ကျနော့်ကဗျာထဲ မိုးခေါင်တယ်။

အရိပ်ထဲမှာလဲ ချွေးထွက်တာပဲ မဟုတ်လား...အမေ။
အမေ့မျှော်လင့်ခြင်းမှာ
ကျွန်တော်ဟာ အိပ်ဆေးတစ်ခွက်လား
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးလား
ကဗာရေးတဲ့ လက်ကိုတော့
ဖြစ်ပစ်လို့ မရပါဘူး... အမေ။

တကယ်တော့...
ကဗျာဆိုတာ အမေ့လက်ထဲမှာ
ချော်ထွက်နေတဲ့ ပုတီးကုံးလေးလို
လူဖြစ်ဖို့ ခဲယဉ်းသလောက်
ကဗျာဖြစ်ဖို့လဲ ခဲယဉ်းပါတယ်... အမေ။  ။

ရွှေပျံလွှား
(ဒဿမတန်း)


Wednesday, April 16, 2014

New Generation & Duties

လူငယ်နှင့်တာဝန်

မဆုံးသမိုင်း နက်နဲ့အမွှေ                          
ဖြာကျစီးဆင်း သည်မျိုးဆက်သို့
ယနေ့လူငယ် နောင်ဝယ်လူကြီး
နေ့သစ်ကမ္ဘာ ထက်မြက်စေဖို့
ကောင်းကျိုးကိုဆောင် ကောင်းအောင်ကြိုး၍
ရယူပန်းတိုင် မည်သောကြောင်။
                  
                    မိုး

Tuesday, April 15, 2014

Aim & Goal

ပန်းတိုင်

သူငယ်ချင်းတို့.....
လောကကြီးမှာ အခြေချတဲ့ငါတို့တတွေ
လူတိုင်းလူတိုင်း ပန်းတိုင်ကိုယ်စီ
ထားရှိသင့်၏။

ပန်းတိုင်ဆိုတာ ဘဝတစ်ခုပါ။
ပန်းတိုင်ရောက်ဖို့ ဝိရိယ၊ ဇွဲအမြဲယှဉ်တွဲ
သေး၊ နုတ်၊ ကြီး၊ မြတ် သဘေားမထား
အရေးကြီးဆုံး တက်လမ်းနိုင်ဖို့
ရင်မှာထားလျက် စိတ်ဓါတ်ခိုင်မြဲ
ဘယ်အရာမဆို ဦးနှောက်ဥာဏ်နှင့်
စဉ်းစားချင့်ချိန် နိုင်ကြပါလျှင်
ပန်းတိုင်ရောက်ဖို့ နီးလာလိမ့်မည်။ 

သူငယ်ချင်းတို့....
တို့ထက်မက စိတ်ဓါတ်ခိုင်မာ
လမ်းလျှောက်တဲ့ အခါ ဖိနပ်ပါသလို
ပန်းတိုင်ရောက်ဖို့ ယုံကြည်မှုနှင့်
ရိုးသားမှုကို စိတ်မှာအမြဲ

သူငယ်ချင်းတို့...
ငါတို့တတွေ အနာဂတ်လူငယ်ဖြစ်တဲ့အတွက်
အခက်အခဲကို ကျော်ဖြတ်ရမယ်
ဆူးငြောက်ခလုတ် ကျော်နိုင်မှသာ
ပန်းတိုင်ဆီကို အလွယ်တကူ
ချောမွှေ့စွာနဲ့ ရောက်နိုင်လိမ့်မယ် သူငယ်ချင်း။    ။

စုနွယ်
(ဒဿမတန်း)


Sunday, September 5, 2010

A peacock

ဒေါင်းနီတကောင်ရဲ့  အကြောင်း

တောက်ပပူပြင်းတဲ့
နေခြည်အလင်းထဲ
ဒေါင်းနီဟာ ရဲဝံ့စွာ ပျံသန်းနေလေရဲ့။  

အီကွေတာတပတ်
ဖြစ်ရဲတဲ့ခရီး
မနီးလှပေဘူး....ဒါပေမဲ့
ဒေါင်းနီဟာ
ကောင်းကင်ဘုံကို ချုပ်ကိုင်ပြီး
မြေပြင်ကို လှုပ်ခါနိုင်စွယ်းတယ်။

မြစ်ပေါင်းတထောင်
တောင်ပေါင်းတစ်သောင်းကိုလည်း
ရဲရဲကျော်နိုင်စွယ်းတယ်။

ဒေါင်းနီရဲ့တောင်ပံခတ်သံအောက်မှာ
တွေဝေသူဟာ နောက်ပြန်လှည့်ရန်မေ့တယ်
လူနာဟာ ဒဏ်ရာကိုမေ့တယ်
ကြယ်ပွင့်ကုဋေကုဋာဟာ ပိုမိုရွှန်းလဲ့လာတယ်
အေမှောင်ထုဟာ တုန်လှုပ်စွာ ဆုတ်ခွာသွားပြီး
ပြင်းထန်ကြမ်းတမ်းတဲ့
ရက်စက်တဲ့
နအဖ ရဲ့လေမုန်တိုင်းကို အန်တုရင်း
ချုပ်ငြိမ်းခါနီး အာဏာရှင်စနစ်ရဲ့ ဆည်းဆာအောက်
လှပတဲ့ကောင်းကင်ထက်မှာ
ဒေါင်းနီဟာ ရဲဝံ့စွာ
မရပ်မနား ပျံသန်းနေတယ်။ ။

ကြယ်စင်
(ဒဿမတန်း)