WELCOME TO YAUNG NI OO BLOG & THANK FOR VISIT US

Sunday, September 5, 2010

A peacock

ဒေါင်းနီတကောင်ရဲ့  အကြောင်း

တောက်ပပူပြင်းတဲ့
နေခြည်အလင်းထဲ
ဒေါင်းနီဟာ ရဲဝံ့စွာ ပျံသန်းနေလေရဲ့။  

အီကွေတာတပတ်
ဖြစ်ရဲတဲ့ခရီး
မနီးလှပေဘူး....ဒါပေမဲ့
ဒေါင်းနီဟာ
ကောင်းကင်ဘုံကို ချုပ်ကိုင်ပြီး
မြေပြင်ကို လှုပ်ခါနိုင်စွယ်းတယ်။

မြစ်ပေါင်းတထောင်
တောင်ပေါင်းတစ်သောင်းကိုလည်း
ရဲရဲကျော်နိုင်စွယ်းတယ်။

ဒေါင်းနီရဲ့တောင်ပံခတ်သံအောက်မှာ
တွေဝေသူဟာ နောက်ပြန်လှည့်ရန်မေ့တယ်
လူနာဟာ ဒဏ်ရာကိုမေ့တယ်
ကြယ်ပွင့်ကုဋေကုဋာဟာ ပိုမိုရွှန်းလဲ့လာတယ်
အေမှောင်ထုဟာ တုန်လှုပ်စွာ ဆုတ်ခွာသွားပြီး
ပြင်းထန်ကြမ်းတမ်းတဲ့
ရက်စက်တဲ့
နအဖ ရဲ့လေမုန်တိုင်းကို အန်တုရင်း
ချုပ်ငြိမ်းခါနီး အာဏာရှင်စနစ်ရဲ့ ဆည်းဆာအောက်
လှပတဲ့ကောင်းကင်ထက်မှာ
ဒေါင်းနီဟာ ရဲဝံ့စွာ
မရပ်မနား ပျံသန်းနေတယ်။ ။

ကြယ်စင်
(ဒဿမတန်း)

No comments:

Post a Comment