အမေ့ကဗျာ
ဘသမှာ... ဘယ်သူ ဝါကျေ နောက်လိုက်ပြီး
ဘယ်သူ ပုဓ်ချရမှာလဲ ...အမေ။
အမေမသိဘူး....
ကျွန်တော့်ခြေထောက်တွေ လေးလျော့နေခဲ့တာ
မြစ်ထဲမှရေရှိ မရှိ၊ ကန္တရထဲမှာ ပန်းပွင့် မပွင့်
ဒီလမ်းကလေးထဲ ဘာကိုစိုက်ပျိုးရမှာလဲ အမေ...။
အမေ့ယာထဲ ထွန်ရေးယူတယ်
ကျနော့်ကဗျာထဲ မိုးခေါင်တယ်။
အရိပ်ထဲမှာလဲ ချွေးထွက်တာပဲ မဟုတ်လား...အမေ။
အမေ့မျှော်လင့်ခြင်းမှာ
ကျွန်တော်ဟာ အိပ်ဆေးတစ်ခွက်လား
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးလား
ကဗာရေးတဲ့ လက်ကိုတော့
ဖြစ်ပစ်လို့ မရပါဘူး... အမေ။
တကယ်တော့...
ကဗျာဆိုတာ အမေ့လက်ထဲမှာ
ချော်ထွက်နေတဲ့ ပုတီးကုံးလေးလို
လူဖြစ်ဖို့ ခဲယဉ်းသလောက်
ကဗျာဖြစ်ဖို့လဲ ခဲယဉ်းပါတယ်... အမေ။ ။
ရွှေပျံလွှား
(ဒဿမတန်း)
ရွှေပျံလွှား
(ဒဿမတန်း)
No comments:
Post a Comment